စကားလုံး

ဝီကီပီးဒီးယား မှ

ဘာသာစကား တခုခုအတွင်း အနက်အဓိပ္ဂာယ်ကို ဖော်ပြနိုင်သော စကားအစိတ်အပိုင်း အသီးသီးကို စကားလုံး (အင်္ဂလိပ်: word) ဟု ခေါ်သည်။

အကန့်ရှင် (Open Class) နှင့် အကန့်သေ(Closed Class)[ပြင်ဆင်ရန်]

စကားလုံးများကို -

ဟု ၂မျိုး ခွဲခြားနိုင်သည်။

အကန့်ရှင် (ပင်ကိုစကားလုံးများ)[ပြင်ဆင်ရန်]

ပင်ကို စကားလုံးများ သို့မဟုတ် သီးခြား စကားလုံးများ (unbound or free-standing words) မှာ အခြားစကားလုံး တလုံးလုံးနှင့် မယှဉ်တွဲဘဲ ပြောဆိုဖွယ် အဓိပ္ပါယ် တခုခုကို ဖော်ဆောင်နေနှင့်သော စကားလုံးများ ဖြစ်သည်။ သာဓကအားဖြင့် မြန်မာစကားတွင် "လူ၂ယောက်က မလာဘူး" ဟူသော ဝါကျရှိ "လူ"၊ "၂"၊ "လာ" စကားလုံးများမှာ (ဘာသာစကားဗေဒအရ) ထီးထီးရပ်တည်နိုင်သော စကားလုံးများဖြစ်သည်။
ဤစကားလုံးများမှာ ဝါစင်္ဂစာရင်းအရ နာမ်ကြိယာ တို့ ဖြစ်နေ၍ -

အကန့်သေ (အကူစကားလုံးများ)[ပြင်ဆင်ရန်]

အကူ စကားလုံးများ သို့မဟုတ် စကားဖွဲ့ စကားလုံးများ (bound words or structural words) မှာ ပြောစကားများ ရေးစာများ အတွင်း၌ သဲတပွင့်စီနှယ် ပင်ကိုစကားလုံးများကို သဒ္ဒါအတိုင်း စီစဉ်ချိတ်တွဲရာတွင် ဆိုလိုသည့် အဓိပ္ပါယ်ထံသို့ ကူဖွဲ့ဖော်ဆောင်ပေးသော စကားလုံးများ ဖြစ်သည်။ သာဓကအားဖြင့် မြန်မာစကားတွင် "လူ၂ယောက် မတွေ့ဘူး" ဟူသော ဝါကျရှိ "ယောက်" (မျိုးပြပစ္စည်း)၊ "က" (ကတ္တားဝိဘတ်)၊ "မ...ဘူး" (အငြင်း ကြိယာပစ္စည်း) တို့မှာ သာသာစကားဗေဒအရ သီးခြားရပ်တည်ရန် မဟုတ်ဘဲ သီးခြားစကားလုံးများကို ကူညီ၍ ဝါကျ ဖြည့်စွက်ဖွဲ့စည်းရန် ဖြစ်သ်ည်၊ အကူ စကားလုံးများ (စကားဖွဲ့ စကားလုံးများ) ဖြစ်သည်။
ပစ္စည်းများ (အကြောင်းခင်း စကားလုံးများ)သမ္ဗန္ဓ (အကြောင်းချိတ် စကားလုံးများ)နာမ်စားများ ဖြစ်ကြ၍၊ ဤ အကူစကားလုံးများကို ခြုံငုံကာ -

  • ဝေါဟာရ(ထု)၏ ခေတ်အလျောက် ပြင်ဆင်ဖြည့်ဆွက်မှု မရှိသလောက် နည်းမည့်၊ နှေးမည့် အကန့် ဖြစ်သဖြင့် အကန့်သေ (Closed Class) ဟု လည်းကောင်း၊
  • သဒ္ဒါ(စည်းမျဉ်းစု)အလျောက် စကားအတွင်း ဖြည့်ဆွက်အသုံးပြုရန် ဖြစ်သဖြင့် စကားဖွဲ့သံထု (Structural Subsystem) ဟု လည်းကောင်း ခေါ်ဆိုနိုင်သည်။

အကန့်ရှင်တွင်း စကားလုံးများကို ပေါင်းစပ်ခြင်း (Compounding or Blending the Open-Class Words)[ပြင်ဆင်ရန်]

အကန့်ရှင်ထဲမှ ပင်ကိုစကားလုံးများကို အချင်းချင်း ပေါင်းစပ်တွဲ၍ အဓိပ္ပါယ် ဆင်တူသော စကားလုံးသစ်များ ဖြစ်စေ၊ အဓိပ္ပါယ် ပြောင်းသွားသော စကားလုံးသစ်များ ဖြစ်စေ ရရှိနိုင်သည်။ ထိုသို့ တွဲစီပေါင်းစပ်၍ ရလာသည့် စကားလုံးတွဲများကို ပေါင်းစပ်စကားလုံးများ (compound words) ဟု ခေါ်နိုင်သည်။
သာဓကအားဖြင့် မြန်မာစကားတွင် -

  • "ပျော်" နှင့် "ရွှင်" ဟူသော အဓိပ္ပါယ်ဆင်ဆင် ပင်ကိုကြိယာတို့ကို တွဲလျက်ထားသည့်၊ "ပျော်ရွှင်" ဟူသော ပေါင်းစပ်ကြိယာမှာ ထိုအဓိပ္ပါယ်အတိုင်းစကားလုံးတစ်ခု ဖြစ်ပေါ်ပြန်သည်။
  • "စကား" ဟူသော ပင်ကိုနာမ် နှင့် "ပြော" ဟူသော ပင်ကိုကြိယာ တို့ကို တွဲလျက်ထားသည့်၊ "စကားပြော" ဟူသော ပေါင်းစပ်ကြိယာမှာ အဓိပ္ပါယ် အခင်းအကျင်း ပိုစုံလင်စေသည့် စကားလုံးတစ်ခု ဖြစ်လာသည်။
  • "စား" နှင့် "သောက်" ဟူသော ပင်ကိုကြိယာ ၂ခုကို တွဲလျက်ထားသည့်၊ "စားသောက်" ဟူသော ပေါင်းစပ်ကြိယာမှာ ထိုလုပ်ရပ်၂ခုလုံးကို လုပ်လိုက်ခြင်း လုပ်ရပ်ကို ပေါင်းစည်းညွှန်းဆိုသည့် စကားလုံးတစ်ခု ဖြစ်ပေါ်သွားသည်။
  • တဖန်၊ "စားသောက်" နှင့် "ပျော်ရွှင်" ဟု ရရှိထားသော ပေါင်းစပ်စကားလုံးများ (ဤတွင် ပေါင်းစပ်ကြိယာများ) ကို ထပ်မံပေါင်းနိုင်သေးသည်။ "စားသောက်ပျော်ရွှင်" ဟူသော ပေါင်းစပ်စကားလုံး (ပေါင်းစပ်ကြိယာ) ပိုရှည်ရှည်ကို ရရှိသည်။

ကွန်ပျူတာ တွက်ချက်နည်းစနစ်များ[ပြင်ဆင်ရန်]